မြဝတီ၊ သင်္ဃန်းညီနောင် ပြန်လည်ထူထောင်ရေး ရန်ပုံငွေထောက်ပံ့ရန်လျာထားဟု ပြည်နယ်အစိုးရပြော - ကေအိုင်စီ
1 Articles
1 Articles
မြဝတီ၊ သင်္ဃန်းညီနောင် ပြန်လည်ထူထောင်ရေး ရန်ပုံငွေထောက်ပံ့ရန်လျာထားဟု ပြည်နယ်အစိုးရပြော - ကေအိုင်စီ
ဩဂုတ် (၁၉) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ ကရင်ပြည်နယ်၊ မြဝတီမြို့၊ သင်္ဃန်းညီနောင်ကျေးရွာတွင် စစ်ရေးပဋိပက္ခများကြောင့် ပျက်စီးသွားသည့် လူနေအိမ်များ ပြန်လည်ထူထောင်ရေးအတွက် ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် ဖြည့်စွက်ခွင့်ပြု ရန်ပုံငွေဖြင့် ထောက်ပံ့ပေးရန် လျာထားကြောင်း စစ်အုပ်စု၏ ကရင်ပြည်နယ်အစိုးရအဖွဲ့က ပြောသည်။ ဩဂုတ်လ(၁၈)ရက်နေ့ကပြုလုပ်ခဲ့သည့် ကရင်ပြည်နယ်လွှတ်တော် အစည်းအဝေးတွင် မြဝတီမြို့နယ် မဲဆန္ဒနယ်အမှတ် (၁) လွှတ်တော်ကိုယ်စားလှယ် ဦးအေးမင်းထွေးက သင်္ဃန်းညီနောင်ကျေးရွာ ပြန်လည်ထူထောင်ရေးနှင့် ပတ်သက်၍မေးမြန်းမှုကို ပြည်နယ်အစိုးရအဖွဲ့မှ ပြန်လည်ဖြေကြားခဲ့ခြင်း ဖြစ်သည်။ နေအိမ်များ ပြန်လည်တည်ဆောက်/ပြုပြင်ခြင်း၊ သောက်သုံးရေ၊ အိမ်သာ၊ လျှပ်စစ်မီး၊ လမ်းပန်းဆက်သွယ်ရေး၊ ကျန်းမာရေး၊ အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် အသေးစား စီးပွားရေးလုပ်ငန်းများအတွက် ၂၀၂၆/၂၀၂၇ ဘဏ္ဍာရေးနှစ် ဖြည့်စွက်ခွင့်ပြု ရန်ပုံငွေ ထောက်ပံ့ပေးရန်လျာထားကြောင်း ပြည်နယ်အစိုးရအဖွဲ့က ဆိုသည်။ […]
Coverage Details
Bias Distribution
- There is no tracked Bias information for the sources covering this story.
Factuality
To view factuality data please Upgrade to Premium





