ရင်ဘတ်ချင်းတူသည့် တော်လှန်ရေးအဖွဲ့များနှင့် ဆက်လက်ပူးပေါင်းလုပ်ဆောင်သွားမည်ဖြစ်ကြောင်း ချင်းပြည်ကောင်စီ ပြော - ကေအိုင်စီ
1 Articles
1 Articles
ရင်ဘတ်ချင်းတူသည့် တော်လှန်ရေးအဖွဲ့များနှင့် ဆက်လက်ပူးပေါင်းလုပ်ဆောင်သွားမည်ဖြစ်ကြောင်း ချင်းပြည်ကောင်စီ ပြော - ကေအိုင်စီ
ဩဂုတ် (၂၈) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ ရည်ရွယ်ချက်၊ ဦးတည်ချက်ချင်း တူညီသည့် တော်လှန်ရေးအဖွဲ့အစည်းများနှင့် ဆက်လက်ပူးပေါင်းလုပ်ဆောင်သွားမည်ဖြစ်ကြောင်း ချင်းပြည်ကောင်စီ(Chinland Council) က ယနေ့၊ ဩဂုတ်လ(၂၈)ရက်နေ့ပြုလုပ်သည့် အစီရင်ခံစာမိတ်ဆက် သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။ “ချင်းပြည်သူတို့၏ ကိုယ်ပိုင်ပြဌာန်းခွင့်ကိုကျင့်သုံးပြီး (၂)နှစ်ခွဲကာလအတွင်း အုပ်ချုပ်ရေးဖော်ဆောင်မှု” အစီရင်ခံစာကို အွန်လိုင်းမှတဆင့် ပြုလုပ်သွားခြင်းဖြစ်ပြီး ချင်းပြည်ကောင်စီ၏ ဦးစားပေးလုပ်ငန်းစဥ်အနေဖြင့် ရင်ဘတ်ချင်းတူသော တော်လှန်ရေးအဖွဲ့အစည်းများနှင့် ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမည်ဟု ထည့်သွင်းပြောဆိုထားသည်။ “မင်းအောင်လှိုင်ကို တချို့လူတွေက မကြိုက်ကြဘူး၊ ဒါပေမဲ့ တခြားရွေးစရာမရှိဘူးဆိုပြီးတော့ ပြောတာတွေ ရှိတယ်။ ကျနော်တို့ကသာ “We are the alternative” (ပိုကောင်းတဲ့လမ်းကြောင်း/အစိုးရ) ဖြစ်တယ်ဆိုပြီး လုပ်ပြနိုင်ရင် အင်မတန်ကောင်းတယ်။ အခုလည်း ဖက်ဒရယ်ပြည်ထောင်စုတည်ထောင်ရေးဆိုပြီး လုပ်ကြတယ်၊ အဲဒါက ပူးပေါင်းဆောင်ရွက်ဖို့ တကယ်ပဲအရေးကြီးတယ်” ဟု […]
Coverage Details
Bias Distribution
- There is no tracked Bias information for the sources covering this story.
Factuality
To view factuality data please Upgrade to Premium





