ဒူးပလာယာခရိုင်အတွင်း သိမ်းဆည်းရမိ မူးယစ်ဆေးဝါးများ KNPF နေ့တွင် မီးရှို့ဖျက်ဆီးခဲ့ - ကေအိုင်စီ
1 Articles
1 Articles
ဒူးပလာယာခရိုင်အတွင်း သိမ်းဆည်းရမိ မူးယစ်ဆေးဝါးများ KNPF နေ့တွင် မီးရှို့ဖျက်ဆီးခဲ့ - ကေအိုင်စီ
စက်တင်ဘာ (၁၁) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ(၆)ထိန်းချုပ်နယ်မြေ၊ ဒူးပလာယာခရိုင်အတွင်း သိမ်းဆည်းရမိခဲ့သည့် မူးယစ်ဆေးဝါးများကို စက်တင်ဘာ (၉) ရက်နေ့၊ ကျရောက်သည့် (၃၅)ကြိမ်မြောက် ကရင်အမျိုးသားရဲတပ်ဖွဲ့-KNPF နေ့အခမ်းအနားတွင် မီးရှို့ဖျက်ဆီးခဲ့ကြောင်း ကေအဲန်ယူ-ဗဟိုမှ ယမန်နေ့ စက်တင်ဘာ(၁၀)ရက်နေ့က ထုတ်ပြန်သည်။ ဒူးပလာယာခရိုင် KNPF မှဖမ်းဆီးရမိခဲ့သည့် အဆိုပါ ဘိန်းဖြူ(၂၀၀)ဂရမ်၊ ဆေးခြောက်ထုပ်(၂)ထုပ် နှင့် စိတ်ကြွဆေးပြား(၁)သိန်းကျော်ကို အခမ်းအနားဒုတိယပိုင်းအစီအစဥ်တွင် ခရိုင်တရားသူကြီးမှ အမိန့်ပေးညွှန်ကြားချက်ပြီးနောက် မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်သည်ဟု ကေအဲန်ယူက ဆိုသည်။ တပ်မဟာ(၆)နယ်မြေတွင် NCA အပစ်ရပ်ကာလကတည်းကစ၍ ဒေသအတွင်းဖမ်းဆီးရမိသည့် မူးယစ်ဆေးဝါးများ မီးရှို့ဖျက်စီးခြင်းအစီအစဉ်ကို တာဝန်ရှိသူများခေါင်းဆောင်ကာ လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။ သို့သော် မြေပြင်အခြေအနေတွင်မူ မူးယစ်ဆေးဝါးများ ရောင်းဝယ်သုံးစွဲမှုနှင့်ပတ်သက်၍ ထိထိရောက်ရောက် ဖမ်းဆီးအရေးယူနိုင်ခြင်းမရှိသေးဟု ဒေသခံများကပြောသည်။ ဗဟို KNPF […]
Coverage Details
Bias Distribution
- There is no tracked Bias information for the sources covering this story.
Factuality
To view factuality data please Upgrade to Premium





