လေးမျက်နှာမြို့နယ် ရေဘေးသင့်ပြည်သူများအတွက် အသင့်စားရိက္ခာနှင့် ဆေးဝါးများ လိုအပ်နေ - ကေအိုင်စီ
1 Articles
1 Articles
လေးမျက်နှာမြို့နယ် ရေဘေးသင့်ပြည်သူများအတွက် အသင့်စားရိက္ခာနှင့် ဆေးဝါးများ လိုအပ်နေ - ကေအိုင်စီ
သြဂုတ် (၄) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ ဧရာဝတီတိုင်းဒေသကြီး၊ လေးမျက်နှာမြို့နယ်တွင် ငဝန်မြစ်ရေကာတာကျိုးပေါက်မှုကြောင့် ကျေးရွာအများအပြား ရေကြီးနစ်မြှုပ်မှုဖြစ်ပေါ်နေ၍ ရေဘေးသင့်ပြည်သူများအတွက် အသင့်စားရိက္ခာများနှင့် အခြေခံဆေးဝါးများ လိုအပ်လျက်ရှိကြောင်း ကူညီကယ်ဆယ်ရေးအဖွဲ့များက ပြောသည်။ ဧရာဝတီတိုင်း မီးသတ်ဦးစီးဌာန၏ထုတ်ပြန်ချက်အရ ပြီးခဲ့သည့် ဇူလိုင်(၃၀) ရက်၊ ညပိုင်းတွင် လေးမျက်နှာမြို့နယ်၊ သခွက်ချောင်းကျေးရွာအုပ်စု၊ မြစ်ကျိုးကျေးရွာရှိ ငဝန်မြစ်ရေကာတာသည် အလျား ပေ ၅၀ ခန့် ကျိုးပေါက်ခဲ့ရာမှ ဒေါင့်ကြီး၊ ညောင်ဝိုင်း၊ သိမ်ကုန်း၊ သခွားကုန်း၊ ဝဲဒေါင့် အပါအဝင် ကျေးရွာ(၁၀)ထက်မနည်း ရေဘေးသင့်နေသည်။ ယင်းကြောင့် လေးမျက်နှာမြို့နယ်အတွင်း ယာယီရေဘေးရှောင်စခန်း (၉) ခုဖွင့်လှစ်ထားရပြီး စုစုပေါင်း ရေဘေးရှောင်ဦးရေ ထောင်ချီရှိလာသည်။ စခန်းများတွင် သောက်သုံးရေအတွက် အကူအညီရရှိသော်လည်း ကိုယ်တိုင်ချက်ပြုတ်စားရန် အဆင်မပြေသဖြင့် အသင့်စားရိက္ခာနှင့် ဆေးဝါးများ […]
Coverage Details
Bias Distribution
- There is no tracked Bias information for the sources covering this story.
Factuality
To view factuality data please Upgrade to Premium