တောင်ပိုင်းတိုင်း တော်လှန်ရေးတပ်ဖွဲ့ဝင်အချို့ စစ်အုပ်စုထံ လက်နက်ချသတင်း မဟုတ်မှန်ဟု VENOM စစ်ကြောင်း တုံ့ပြန် - ကေအိုင်စီ
1 Articles
1 Articles
တောင်ပိုင်းတိုင်း တော်လှန်ရေးတပ်ဖွဲ့ဝင်အချို့ စစ်အုပ်စုထံ လက်နက်ချသတင်း မဟုတ်မှန်ဟု VENOM စစ်ကြောင်း တုံ့ပြန် - ကေအိုင်စီ
အောက်တိုဘာ (၁၀) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ တောင်ပိုင်းတိုင်းဒေသရှိ လက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့ဝင် (၁၀) ဦး စစ်အုပ်စု၏ အရှေ့တောင်တိုင်းစစ်ဌာနချုပ်ထံသို့ လက်နက်ချ ဘက်ပြောင်းခိုလှုံပြီ ဆိုသည့်သတင်းတွင် မိမိတို့တပ်ဖွဲ့ဝင်များပါဝင်ခြင်းမရှိဟု VENOM စစ်ကြောင်း တာဝန်ရှိသူက ယနေ့၊ အောက်တိုဘာ(၁၀)ရက်တွင် တုံ့ပြန်ပြောသည်။ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA နှင့် ပူးပေါင်းတိုက်ပွဲဝင်နေသည့် VENOM စစ်ကြောင်း၊ ဒေါနစစ်ကြောင်းနှင့် ကော်ဘရာစစ်ကြောင်းတို့မှ တပ်ဖွဲ့ဝင်လူငယ်(၁၀)ဦးမှာ လက်နက်နဲ့တကွ စစ်အုပ်စုထံ ဘက်ပြောင်းလာ၍ ယမန်နေ့ အောက်တိုဘာ (၉)ရက်နေ့က မော်လမြိုင်မြို့ရှိ အရှေ့တောင်တိုင်းစစ်ဌာနချုပ်တွင် အခမ်းအနားပြုလုပ်ခဲ့ကြောင်း စစ်တပ်ထိန်းချုပ်သည့် မီဒီယာများက ဖော်ပြကြခြင်းဖြစ်သည်။ သို့ရာတွင် လက်တွေ့၌ စစ်အုပ်စုထံ သွားရောက်လက်နက်ချသည့် တပ်ဖွဲ့ဝင်တစ်ဦးမျှမရှိဘဲ အဆိုပါသတင်းသည် စစ်အုပ်စုဘက်မှ ဝါဒဖြန့်ခြင်းသာဖြစ်နိုင်ကြောင်း VENOM စစ်ကြောင်းမှ တာဝန်ရှိသူတစ်ဦးက တုံ့ပြန်ပြောသည်။ “ဖြစ်နိုင်တာကတော့ […]
Coverage Details
Bias Distribution
- There is no tracked Bias information for the sources covering this story.
Factuality
To view factuality data please Upgrade to Premium





