သံတောင်၊ ပျားစခန်းမှာ စစ်အုပ်စုတပ်စွဲအထိုင်ချနေ၍ စာသင်ကျောင်း ယာယီပိတ်ထားရ - ကေအိုင်စီ
1 Articles
1 Articles
သံတောင်၊ ပျားစခန်းမှာ စစ်အုပ်စုတပ်စွဲအထိုင်ချနေ၍ စာသင်ကျောင်း ယာယီပိတ်ထားရ - ကေအိုင်စီ
ဩဂုတ် (၁၀) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ တောင်ငူ-သံတောင်ကြီးလမ်းပေါ်ရှိ ပျားစခန်းကျေးရွာအနီး စစ်အုပ်စုတပ်ဖွဲ့ဝင်များ အထိုင်ချနေ၍ လုံခြုံရေးကြောင့်ကလေးငယ်များ ကျောင်းမတက်ရဲဘဲ ရွာအလယ်တန်းကျောင်းကိုလည်း ယနေ့တွင် ယာယီပိတ်ထားရကြောင်း ဒေသတွင်းသတင်းအရင်းအမြစ်များအရ သိရသည်။ ပြီးခဲ့သည့် ဩဂုတ်လ (၈) ရက် မှစတင်၍ တောင်ငူ-သံတောင်လမ်းအတိုင်း တက်လာသည့် စစ်အုပ်စုနှင့်တော်လှန်ရေးအင်အားစုတို့ ပစ်ခတ်မှုဖြစ်ပွားခဲ့ရာ စစ်အုပ်စုတပ်ဖွဲ့ဝင်အချို့ ထိခိုက်ဒဏ်ရာရမှုရှိပြီးနောက်တွင် ပျားစခန်းရွာအနီး တပ်စွဲအထိုင်ချထားခြင်းဖြစ်ကြောင်း ကရင်စစ်ရေးသတင်းအရင်းအမြစ်နှင့်ဒေသခံများက ပြောသည်။ “ရွာပြင်ဘက်မှာ သူတို့(စစ်အုပ်စု)ကား ထိထားတော့ အထိုင်ချနေတယ်။ သူတို့ရှိနေတော့ ရွာထဲမှာ ဘယ်သူမှအပြင်မထွက်ရဲကြဘူး။ ကလေးတွေလည်း ကျောင်းမသွားရဲတော့ ကျောင်းပိတ်ထားရတယ်” ဟု လုံခြုံရေးကြောင့်အမည်မဖော်လိုသူ ဒေသခံအမျိုးသမီးက ပြောသည်။ အဆိုပါစစ်အုပ်စုသည် မော်တော်ယာဥ်(၁၇)စီးဖြင့် (၄)မိုင်မှ သံတောင်ကြီးသို့သွားရန် လမ်းကြောအတိုင်းချီတက်လာခြင်းဖြစ်သည်။ ထို့အပြင် ပစ်ခတ်မှုဖြစ်ပွားနေစဥ်နှင့်နောက်ပိုင်းတွင် ဘုရင့်နောင်တပ်စခန်းမှ စစ်တပ်က […]
Coverage Details
Bias Distribution
- There is no tracked Bias information for the sources covering this story.
Factuality
To view factuality data please Upgrade to Premium





