သဘာဝဘေးသင့် ထားဝယ်ခရိုင်တွင် စစ်အုပ်စု လေကြောင်းတိုက်ခိုက်မှုအပေါ် TFUCC ရှုတ်ချ - ကေအိုင်စီ
1 Articles
1 Articles
သဘာဝဘေးသင့် ထားဝယ်ခရိုင်တွင် စစ်အုပ်စု လေကြောင်းတိုက်ခိုက်မှုအပေါ် TFUCC ရှုတ်ချ - ကေအိုင်စီ
အောက်တိုဘာ (၄) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ သဘာဝဘေးအန္တရာယ် ဆိုးရွားစွာ ရင်ဆိုင်နေရသည့် တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်အတွင်း စစ်အုပ်စုက လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ခြင်းကို ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချကြောင်း တနင်္သာရီ ဖက်ဒရယ်ယူနစ် ဖော်ဆောင်ရေးကောင်စီ (TFUCC) က ယမန်နေ့ ( အောက်တိုဘာ ၂ ရက်) တွင် ထုတ်ပြန်သည်။ ထားဝယ်ခရိုင်အတွင်းရှိ လောင်းလုံး၊ သရက်ချောင်းနှင့် ထားဝယ်မြို့နယ်တို့တွင် စက်တင်ဘာ (၂၅) ရက်မှစ၍ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် တောင်ပြို၊ မြေပြိုမှုများနှင့် ရေဘေးအန္တရာယ်များကို ဒေသခံပြည်သူများ ရင်ဆိုင်နေကြရခြင်းဖြစ်သည်။ သဘာဝဘေးသင့်ပြည်သူများအတွက် အရေးပေါ်ကယ်ဆယ်ရေး၊ လမ်းကြောင်းရှင်းလင်းရေးနှင့် ထောက်ပံ့ရေးလုပ်ငန်းများကို ကိုယ်ထူကိုယ်ထ ဆောင်ရွက်နေချိန်တွင် စစ်အုပ်စုက လေကြောင်းတိုက်ခိုက်မှုများ ရက်ဆက်ပြုလုပ်ခဲ့ကြောင်း TFUCC က ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ […]
Coverage Details
Bias Distribution
- There is no tracked Bias information for the sources covering this story.
Factuality
To view factuality data please Upgrade to Premium





