ထိုင်းဘတ်ငွေအတုသုံးသူ(၂)ဦးကို BGF/KNA ဖမ်း၍ မြဝတီစစ်အုပ်စုလက်သို့ အပ် - ကေအိုင်စီ
1 Articles
1 Articles
ထိုင်းဘတ်ငွေအတုသုံးသူ(၂)ဦးကို BGF/KNA ဖမ်း၍ မြဝတီစစ်အုပ်စုလက်သို့ အပ် - ကေအိုင်စီ
ဇွန် (၂၃) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ ထိုင်း-မြန်မာနယ်စပ်၊ ကရင်ပြည်နယ် မြဝတီမြို့နယ်အတွင်း ထိုင်းဘတ်ငွေအတုသုံးစွဲသူ(၂)ဦးအား လက်ဝယ်တွေ့ရှိသည့် စုစုပေါင်းဘတ်ငွေတန်ဖိုး(၄၉၀,၀၀၀)နှင့်တကွ ကရင်နယ်ခြားစောင့်တပ်/ကရင်အမျိုးသားတပ်မတော်-BGF/KNA က ဖမ်းဆီးပြီး မြဝတီစစ်အုပ်စုထံ လွှဲပြောင်းအပ်နှံလိုက်ကြောင်း သိရသည်။ အဆိုပါဘတ်ငွေအတုများမှာ ထိုင်းနိုင်ငံဘက်မှတဆင့်တင်သွင်းလာသည်ဟု BGF/KNA က ယူဆသလို ငွေအတုသုံးစွဲသူ(၂)ဦးကိုလည်း ဇွန်လဒုတိယအပတ်ထဲတွင် ဖမ်းဆီးပြီး မြဝတီမြို့မရဲစခန်း စစ်အုပ်စုထံအပ်နှံခဲ့သည်ဟု အဖွဲ့ပြောခွင့်ရ ဒုဗိုလ်မှူးကြီး နိုင်မောင်ဇော်က ပြောသည်။ ဒေသတွင်းသတင်းမီဒီယာတစ်ခုတွင်မူ ငွေအတုအမှုကျူးလွန်သူများကို မြဝတီမြို့ရှိ စားသောက်ဆိုင်တစ်ဆိုင်မှတဆင့် စုံစမ်းနိုင်ခဲ့ခြင်းဖြစ်၍ ၎င်းတို့(၂)ဦးလုံးမှာ ကရင်ငြိမ်းချမ်းကောင်စီ-PC အဖွဲ့ဝင်များဖြစ်ကြောင်း သတင်းထွက်ပေါ်နေခြင်းရှိသည်။ PC အဖွဲ့ဝင်များ ငွေအတုကိစ္စကြောင့် ဖမ်းဆီးခံရမှုနှင့်ပတ်သက်ပြီး “အဲဒီကိစ္စ ကျနော်တို့ဌာနချုပ်ကိုလာတင်ပြတာ မရှိဘူး။ BGF ကလည်း အဲဒီကိစ္စနဲ့ ကျနော်တို့တပ်ဖွဲ့ဝင်တွေကို ဖမ်းထားတယ်ဆိုတာမျိုး မကြားမိဘူး ကျနော် […]
Coverage Details
Bias Distribution
- There is no tracked Bias information for the sources covering this story.
Factuality
To view factuality data please Upgrade to Premium