AAPP ဦးဆောင်ပြီး အပြည်ပြည်ဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများနေ့ ကျင်းပ - ကေအိုင်စီ
1 Articles
1 Articles
AAPP ဦးဆောင်ပြီး အပြည်ပြည်ဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများနေ့ ကျင်းပ - ကေအိုင်စီ
အောက်တိုဘာ (၃၀) ရက်နေ့၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ဦးဆောင်ပြီး အပြည်ပြည်ဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများနေ့နှင့် အမှောင်ခေတ်မှတ်တမ်း အမည်ရ စာအုပ်မိတ်ဆက်ပွဲကို ယနေ့၊ အောက်တိုဘာလ(၃၀)ရက်နေ့တွင် ထိုင်း-မြန်မာနယ်စပ်၊ မဲဆောက်မြို့၌ ကျင်းပခဲ့ကြောင်း သိရသည်။ အဆိုပါပွဲအခမ်းအနားသို့ နိုင်ငံရေးအကျဉ်းသားဟောင်းများ၊ အကြမ်းမဖက်အာဏာဖီဆန်ရေး လှုပ်ရှားမှု(CDM)တွင် ပါဝင်ကြသူများ၊ နွေဦးတော်လှန်ရေးလှုပ်ရှားသူများအပါအဝင် စုစုပေါင်း လူဦးရေ (၂၀၀) ခန့် တက်ရောက်ခဲ့ကြခြင်းဖြစ်သည်။ အခမ်းအနားကို မြန်မာနိုင်ငံအတွင်းရှိ နိုင်ငံရေးကြောင့်အကျဥ်းကျခံနေရသူများကို မေ့လျော့မသွားကြရန်နှင့် အကျဉ်းထောင်အတွင်း ၎င်းတို့ ဖန်တီးပြုလုပ်ခဲ့သည့် အနုပညာလက်ရာများအား ချပြလိုသော ရည်ရွယ်ချက်ဖြင့် ကျင်းပခြင်းဖြစ်ကြောင်း AAPP မှ အလုပ်အမှုဆောင်အဖွဲ့ဝင် ဦးအောင်မျိုးကျော်က ပြောသည်။ “စစ်အုပ်စုက လူတွေကိုပဲချုပ်ထားလို့ရမယ်။ နိုင်ငံရေးအကျဉ်သားတွေရဲ့ တီထွင်ဖန်တီးမှုတွေ၊ သူတို့ရဲ့အတွေး အခေါ်နဲ့ […]
Coverage Details
Bias Distribution
- There is no tracked Bias information for the sources covering this story.
Factuality
To view factuality data please Upgrade to Premium





