သဲဖြူချောင်းတောင်ကျောမှာ စစ်အုပ်စုထိုးစစ်ဆင်လာ၊ KNLA မဟာမိတ်တပ် ဖြတ်တိုက်၍ တိုက်ပွဲပြင်းထန် - ကေအိုင်စီ
1 Articles
1 Articles
သဲဖြူချောင်းတောင်ကျောမှာ စစ်အုပ်စုထိုးစစ်ဆင်လာ၊ KNLA မဟာမိတ်တပ် ဖြတ်တိုက်၍ တိုက်ပွဲပြင်းထန် - ကေအိုင်စီ
သြဂုတ် (၂၉) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက်၊ ဖလူး-ဝေါလေလမ်းပိုင်းရှိ သဲဖြူချောင်းအထက်တောင်ကျောနေရာကို စစ်အုပ်စု ထိုးစစ်ဆင်လာ၍ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) မဟာမိတ်ပူးပေါင်းတပ်များက ဖြတ်တောက်တိုက်ခိုက်လျက်ရှိရာ သြဂုတ်လ (၂၇) ရက်နေ့မှစ၍ နှစ်ဖက်တိုက်ပွဲ အပြင်းအထန်ဖြစ်ပွားနေကြောင်း ကရင်စစ်ရေးသတင်းအရင်းအမြစ်မှ သိရသည်။ လေးကေကော်အထက်ပိုင်း ကျောက်တောင်ကျောမှတစ်ဆင့် ဝါးဘိုးကျောက်တောင်ကျောကို စစ်အုပ်စု ကျော်လွန်တက်ရောက်လာခြင်းဖြစ်ပြီး လေကြောင်းနှင့် လက်နက်ကြီးဖြင့်လည်း ဆက်တိုက်ပစ်ကူပေးနေသည်။ ထို့နောက် သဲဖြူချောင်းတောင်ကျောနေရာသို့ ဆက်လက်ထိုးစစ်ဆင်လာရာ KNLA မဟာမိတ်တပ်ဖွဲ့များက ဖြတ်တောက်တိုက်ခိုက်နေ၍ တိုက်ပွဲပြင်းထန် နေသည်ဟု တော်လှန်ရေးတပ်ဘက်က ပြောသည်။ “သဲဖြူချောင်းဘက်ကို တိုးလာတာ စစ်ကြောင်း(၃)ခုလောက်ရှိတယ်။ ကိုယ့်ဘက်က စစ်ဂွင်ကျယ်ကျယ်ဖြန့်ပြီး ဖြတ်တိုက်နေတော့ သူတို့က လက်နက်ကြီးပစ်ကူ၊ လေယာဉ်ဗုံးကြဲပစ်ကူတွေနဲ့ တက်လာလို့ တိုက်ပွဲပြင်းနေတာ (၃)ရက်ရှိပြီ” ဟု KNLA […]
Coverage Details
Bias Distribution
- There is no tracked Bias information for the sources covering this story.
Factuality
To view factuality data please Upgrade to Premium





