မဲဆောက်မြို့ အွန်လိုင်းငွေလိမ်လုပ်သည့်တိုက်ခန်းကို ထိုင်းအာဏာပိုင်များဝင်ရောက်စစ်ဆေးမှု မြန်မာ (၇)ဦး ဖမ်းခံရ - ကေအိုင်စီ
2 Articles
2 Articles
Yangon, June 24 Thai authorities have raided an apartment building in Mae Sot, Tak Province, on the Thai-Myanmar border, where an online money laundering gang was operating, and arrested nine people, including seven Myanmar nationals, the Tak Province Immigration Department said. On the morning of June 23, the Tak Province Immigration Department and Mae Sot Township Police Station jointly raided an apartment building on Ban Thung Road in Mae Sot…
မဲဆောက်မြို့ အွန်လိုင်းငွေလိမ်လုပ်သည့်တိုက်ခန်းကို ထိုင်းအာဏာပိုင်များဝင်ရောက်စစ်ဆေးမှု မြန်မာ (၇)ဦး ဖမ်းခံရ - ကေအိုင်စီ
ဇွန် (၂၄) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ ထိုင်း-မြန်မာနယ်စပ်၊ တာ့ခ်ခရိုင်၊ မဲဆောက်မြို့လယ်ရှိ တိုက်ခန်းတစ်ခုကို ဇွန်လ(၂၃)ရက်နေ့ နံနက်(၈း၀၀)နာရီဝန်းကျင်တွင် ထိုင်းအာဏာပိုင်များ ဝင်ရောက်စစ်ဆေးရာ တရားမဝင် အွန်လိုင်းငွေလိမ်လုပ်ငန်း လုပ်ကိုင်သည့် မြန်မာနိုင်ငံသား(၇)ဦးအပါအဝင် စုစုပေါင်း(၉)ဦး ဖမ်းဆီးခံရကြောင်း တာ့ခ်ခရိုင် လူဝင်မှုကြီးကြပ်ရေးဌာန သတင်းထုတ်ပြန်သည်။ ထိုင်းနိုင်ငံသားမဟုတ်သည့် နိုင်ငံခြားသားအများအပြားငှားရမ်းနေထိုင်သည့် တိုက်ခန်းတစ်ခုအတွင်းသို့ ကွန်ပျူတာအပါအဝင် အီလက်ထရွန်နစ် စက်ပစ္စည်းအများအပြားသယ်ဆောင် နေထိုင်လျက်ရှိသည့် တိုင်ကြားချက်ကြောင့် အာဏာပိုင်များက ဝင်ရောက်ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။ ဖမ်းဆီးခံရသူ(၉)ဦးအနက် မြန်မာနိုင်ငံသား (၇)ဦးပါဝင်ပြီး ၎င်းတို့တွင် အထောက်အထားမရှိသူ (၁)ဦး၊ ယာယီနယ်စပ်ဖြတ်ကျော်ခွင့် (Temporary Border Press) လက်မှတ်ကိုင်ဆောင်သူ(၂)ဦး၊ အလုပ်လုပ်ခွင့်(Work Premit) ကတ်၊ ပန်းရောင်ကတ်နှင့် မြန်မာပတ်စပိုစ့် ကိုင်ဆောင်ထားသူများ ပါဝင်ကြောင်း သိရသည်။ ကျန်(၂)ဦးမှာ ထိုင်းနိုင်ငံသားများဖြစ်ကြပြီး အွန်လိုင်းငွေလိမ်လုပ်ငန်း(ကျားဖြန့်)လုပ်ကိုင်နေသည့် […]

Coverage Details
Bias Distribution
- There is no tracked Bias information for the sources covering this story.
Factuality
To view factuality data please Upgrade to Premium