စစ်အုပ်စုစစ်ကြောင်းနှင့်တိုးသည့် သရက်ချောင်းက အရပ်သားလူငယ်(၁)ဦး ပစ်သတ်ခံရ - ကေအိုင်စီ
1 Articles
1 Articles
စစ်အုပ်စုစစ်ကြောင်းနှင့်တိုးသည့် သရက်ချောင်းက အရပ်သားလူငယ်(၁)ဦး ပစ်သတ်ခံရ - ကေအိုင်စီ
ဩဂုတ် (၂၆) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ(၄)၊ ဘိတ်-ထားဝယ်ခရိုင်၊ ကစယ်ဒို(သရက်ချောင်း)မြို့နယ်အတွင်းရှိ ကျေးရွာများသို့ ယခုဩဂုတ်လအတွင်း စစ်ကြောင်းထိုးနေသည့်စစ်အုပ်စုက ဥတ္တူကျေးရွာရှိ ဒေသခံလူငယ်အမျိုးသား(၁)ဦးကို ပစ်ခတ်သတ်ဖြတ်ခဲ့ကြောင်း ရွာခံများက ပြောသည်။ ဩဂုတ်လ (၁၀)ရက်နေ့မှစတင်ကာ သရက်ချောင်းမြို့နယ်၊ ရှင်မုတ္ထီးရွာမှတဆင့် ကျောက်လှေကား၊ ကထီးဝ စသည့် ကျေးရွာ(၁၀)ရွာထက်မနည်းသို့ စစ်အုပ်စုက စစ်ကြောင်းထိုးနေခြင်းဖြစ်ပြီး ယခု ဩဂုတ်လ နောက်ဆုံးအပတ်တွင် ဥတ္တူရွာဘက်သို့ ရောက်ရှိလာသည်။ ယင်းနောက် ၎င်းတို့စစ်ကြောင်းနှင့်တိုး၍ ကြောက်လန့်ထွက်ပြေးသူ ဒေသခံအမျိုးသားလူငယ်(၂)ဦးကို ပစ်ခတ်တိုက်ခိုက်ခဲ့ရာ (၁)ဦးလွတ်မြောက်သွားသော်လည်း ကျန်(၁)ဦးမှာမူ သေနတ်ဒဏ်ရာဖြင့်သေဆုံးသွားကြောင်း သရက်ချောင်းရွာခံများက ပြောသည်။ “ဥတ္တူရွာကလူငယ်လေးတွေ စစ်ကြောင်းတွေ့လို့လှည့်ပြေးတာ အဲဒါကိုအနောက်ကနေ ပစ်တယ်။ တစ်ယောက်ကတော့ပြေးလို့လွတ်သွားတယ်။ တစ်ယောက်ကတော့ပွဲချင်းပြီးပဲ သေသွားတယ်” ဟု ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။ အဆိုပါစစ်ကြောင်းသည် ကျောက်လှေကား၊ […]
Coverage Details
Bias Distribution
- There is no tracked Bias information for the sources covering this story.
Factuality
To view factuality data please Upgrade to Premium





