သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ်ဖို့ ပူးပေါင်းဆောင်ရွက်ရန် အသင့်ရှိကြောင်း KNU နှင့် IEC ပူးတွဲစာထုတ် - ကေအိုင်စီ
1 Articles
1 Articles
သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ်ဖို့ ပူးပေါင်းဆောင်ရွက်ရန် အသင့်ရှိကြောင်း KNU နှင့် IEC ပူးတွဲစာထုတ် - ကေအိုင်စီ
ဇွန် (၅)ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ်ရေးနှင့် စိန်ခေါ်မှုများကို လက်တွေ့ကျကျဖြေရှင်းနိုင်ရေး သက်ဆိုင်ရာ လူပုဂ္ဂိုလ်၊ အဖွဲ့များနှင့်ပူးပေါင်းဆောင်ရွက်သွားရန် အဆင်သင့်ရှိနေကြောင်း ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံးနှင့် ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ-IEC က ပူးတွဲစာထုတ်သည်။ ယနေ့ ဇွန်လ(၅)ရက်တွင် ကျရောက်သော ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့တွင် တိုင်းရင်းသားလက်နက်ကိုင်နှစ်ဖွဲ့က သဘာဝသဃံဇာတများ၊ ဂေဟစနစ်နှင့် မြစ်ချောင်းများကို ကာကွယ်စောင့်ရှောက်သွားရန် ပူးတွဲထုတ်ပြန်လိုက်ခြင်းလည်းဖြစ်သည်။ သဘာဝပတ်ဝန်းကျင်ညစ်ညမ်းမှုကြောင့် ဖြစ်ပေါ်လာသည့် ပြဿနာ၊ စိန်ခေါ်မှုများနှင့် ရေရှည်ဖြေရှင်းနိုင်မည့် လက်တွေ့နည်းလမ်းများကို ထုတ်ဖော်ရန် အရပ်ဖက်အဖွဲ့များ၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးကွန်ရက်များ၊ အသိပညာရှင် အတတ်ပညာရှင်များ၊ သက်ဆိုင်ရာအာဏာပိုင်များနှင့် ပူးပေါင်းဆောင်ရွက်ရန် အသင့်ရှိသည်ဟု KNU နှင့် IEC က ဆိုသည်။ ၎င်းတို့အနေဖြင့် ပံ့ပိုးကူညီသွားရန် လမ်းဖွင့်ပေးထားသလို သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းမှုကို အားကောင်းစေမည့် သတင်းအချက်အလက်များ မျှဝေခြင်း၊ […]
Coverage Details
Bias Distribution
- There is no tracked Bias information for the sources covering this story.
Factuality
To view factuality data please Upgrade to Premium