မြဝတီတောင်ဘက်တိုက်ပွဲအတွင်း စစ်အုပ်စု FPV ဒရုန်းအသုံးပြု ပစ်ခတ်မှုပုံစံ ပြောင်းလဲလာ - ကေအိုင်စီ
1 Articles
1 Articles
မြဝတီတောင်ဘက်တိုက်ပွဲအတွင်း စစ်အုပ်စု FPV ဒရုန်းအသုံးပြု ပစ်ခတ်မှုပုံစံ ပြောင်းလဲလာ - ကေအိုင်စီ
နိုဝင်ဘာ (၁၀) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက်ရှိ မင်းလက်ပံကျေးရွာနှင့်သဲဖြူချောင်းနေရာများတွင် ဖြစ်ပွားနေသည့် တိုက်ပွဲအတွင်း စစ်အုပ်စုက ပြီးခဲ့သည့် နိုဝင်ဘာ (၇) ရက် နောက်ပိုင်းကစ၍ FPV (First Person View) ဒရုန်းများဖြင့် ပုံစံပြောင်းလဲ ပစ်ခတ်လာကြောင်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA မဟာမိတ်တပ်ဘက်က ပြောသည်။ ပြီးခဲ့သည့်လပိုင်းအတွင်း တကျော့ပြန်စစ်ကြောင်းထိုးနေသည့် စစ်အုပ်စုနှင့် KNLA မဟာမိတ်တပ်များ အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွားခဲ့ရာ တိုက်ပွဲမှလက်နက်ကျည်များ ထိုင်းပိုင်နက်ထဲ နယ်ကျော်ကျရောက်၍ ထိုင်းအစိုးရ၏ သတိပေးမှုများရှိလာပြီးနောက် စစ်အုပ်စုသည် FPV ဒရုန်းများဖြင့် ဗျူဟာပြောင်းလဲ တိုက်ခိုက်လာသည်ဟု မဟာမိတ်တပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။ “အခုရက်ပိုင်းမှာ သဲဖြူချောင်းနဲ့ မင်းလက်ပံကို ထပ်တိုးလာတာ။ ဖြတ်တိုက်ခံရတာနဲ့ သူတို့(စစ်အုပ်စု) စစ်သားသစ်တွေကျတာနဲ့ ပြန်ဆုတ်သွားတယ်၊ နောက်တော့ […]
Coverage Details
Bias Distribution
- There is no tracked Bias information for the sources covering this story.
Factuality
To view factuality data please Upgrade to Premium





