ဖမ်းဆီးခံထားရသည့် သထုံမြို့နယ်၊ ဝင်းစိန်ရွာ ဒေသခံ (၈) ဦးအနက် (၄) ဦး ပြန်လည်လွတ်မြောက် - ကေအိုင်စီ
1 Articles
1 Articles
ဖမ်းဆီးခံထားရသည့် သထုံမြို့နယ်၊ ဝင်းစိန်ရွာ ဒေသခံ (၈) ဦးအနက် (၄) ဦး ပြန်လည်လွတ်မြောက် - ကေအိုင်စီ
ဇူလိုင် (၈) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ဒူးသထူ/သထုံခရိုင်၊ သထုံမြို့နယ်၊ ဝင်းစိန်ကျေးရွာ ရွှေညောင်ပင်ကွက်သစ်ရှိ စစ်အုပ်စု၏ ဖမ်းဆီးခြင်းခံခဲ့ရသူ ဒေသခံအမျိုးသား(၈)ဦးအနက် (၄)ဦးမှာ ဇွန်လ(၂၈)ရက်နေ့က ပြန်လည်လွတ်မြောက်လာကြောင်း ဒေသခံများပြောပြချက်အရ သိရသည်။ ပြီးခဲ့သည့် ဇွန်လ(၂၃)ရက်နေ့က စစ်အုပ်စုနှင့် ပျူစောထီးအဖွဲ့ဝင် အင်အားအများအပြားဖြင့် ဝင်းစိန်ကျေးရွာအတွင်းသို့ ဝင်ရောက်လာပြီး ဒေသခံအမျိုးသား(၈)ဦးကို ဖမ်းဆီးကာ နေအိမ်များအတွင်းရှိ ရွှေ၊ ငွေ နှင့် ဆိုင်ကယ်လေးစီးကို ယူဆောင်သွားခဲ့ခြင်းဖြစ်သည်။ ၎င်းတို့အနက် စောဆထူးအသက်(၂၅)နှစ်၊ ကျော်ဇင်အောင် အသက်(၂၅)နှစ်၊ စောမြင့်အေး အသက်(၂၆)နှစ်နှင့် နောက်ထပ် အမည်မသိသူတစ်ဦးတို့ ပြန်လည်လွတ်မြောက်လာပြီး ကျန်(၄)ဦးမှာမူ ယနေ့ထက်ထိ ပြန်မလွတ်သေးဟု ကေအဲန်ယူ သထုံခရိုင်အတွင်းရေးမှူး ပဒိုစောအေးနိုင်က ပြောသည်။ “လေးယောက်တော့ ပြန်လွတ်လာပြီ။ ကျန်တဲ့ သူတွေကိုတော့ မလွှတ်သေးဘူး” […]
Coverage Details
Bias Distribution
- There is no tracked Bias information for the sources covering this story.
Factuality
To view factuality data please Upgrade to Premium