မယ်လစခန်းဒုက္ခသည်စခန်းတွင် နာတာရှည်ရောဂါသည် တိုးလာပြီး ဆေးဝါးမလုံလောက်မှု ကြုံနေရ - ကေအိုင်စီ
1 Articles
1 Articles
မယ်လစခန်းဒုက္ခသည်စခန်းတွင် နာတာရှည်ရောဂါသည် တိုးလာပြီး ဆေးဝါးမလုံလောက်မှု ကြုံနေရ - ကေအိုင်စီ
သြဂုတ် (၂၈) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ ထိုင်း-မြန်မာနယ်စပ်ရှိ အကြီးဆုံးဒုက္ခသည်စခန်း မယ်လတွင် နာတာရှည်ရောဂါဖြစ်ပွားမှုတိုးလာပြီး ကျန်းမာရေးစောင့်ရှောက်မှုနှင့် ဆေးဝါးရရှိမှု အခက်အခဲများ ကြုံတွေ့နေရကြောင်း စခန်းတာဝန်ရှိသူများနှင့် ကျန်းမာရေးဝန်ထမ်းများက ပြောသည်။ ယခင်က နာတာရှည်ရောဂါသည်များအတွက် စခန်းတွင်းရှိ ဆေးရုံနှင့် ဆေးပေးခန်းများမှ လစဉ်ဆေးဝါး ထောက်ပံ့ပေးနိုင်ခဲ့သော်လည်း ဒုက္ခသည်များအတွက် နိုင်ငံတကာအကူအညီများ လျှော့ချခံရပြီးနောက် ဆေးဝါးမလုံလောက်မှုများ ဖြစ်ပေါ်ခဲ့ခြင်းဖြစ်သည်။ အထူးသဖြင့် စခန်းနေ သက်ကြီးပိုင်းများကြား ဆီးချို၊ သွေးတိုးနှင့် ကျောက်ကပ်ရောဂါကဲ့သို့ နာတာရှည်ရောဂါ ဖြစ်ပွားသူများ လစဉ်တိုးလာနေပြီး လိုအပ်သည့် ဆေးဝါးနှင့် ကုသမှုများကို ပုံမှန်မရရှိတော့သဖြင့် ရောဂါအခြေအနေ ပိုမိုဆိုးရွားလာသည်ဟု စခန်းတာဝန်ရှိသူက ပြောသည်။ “တစ်လပြီးတစ်လ ဖြစ်တဲ့လူတွေ ပိုတိုးလာတယ်။ အရင်တုန်းက နာတာရှည်ရောဂါသည်တွေအတွက် ဆေးရုံက လစဉ်ဆေးဝါး ထောက်ပံ့တာတွေရှိတော့ အဆင်ပြေတယ်။ […]
Coverage Details
Bias Distribution
- There is no tracked Bias information for the sources covering this story.
Factuality
To view factuality data please Upgrade to Premium





