ကျိုက်ထိုစစ်အုပ်စု လက်နက်ကြီးပစ်၍ ညောင်ထောက်ရွာက အသက်(၁၀)နှစ်အရွယ် မိန်းကလေးငယ် ပွဲချင်းပြီးသေဆုံး - ကေအိုင်စီ
1 Articles
1 Articles
ကျိုက်ထိုစစ်အုပ်စု လက်နက်ကြီးပစ်၍ ညောင်ထောက်ရွာက အသက်(၁၀)နှစ်အရွယ် မိန်းကလေးငယ် ပွဲချင်းပြီးသေဆုံး - ကေအိုင်စီ
စက်တင်ဘာ (၇) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ(၁)၊ ဒူးသထူ/သထုံခရိုင်၊ ကျိုက်ထိုမြို့နယ်၊ ညောင်ထောက်ရွာသို့ ယမန်နေ့ စက်တင်ဘာ(၆)ရက်နေ့ ညနေပိုင်းက ကျိုက်ထိုမြို့အခြေစိုက် စစ်အုပ်စု တပ်မ(၄၄)မှ လက်နက်ကြီးပစ်ခတ်သဖြင့် အသက်(၁၀)နှစ်အရွယ် ရွာခံမိန်းကလေးငယ်(၁)ဦး နေရာတွင်ပင် သေဆုံးခဲ့ကြောင်း ဒေသခံများက ပြောသည်။ အမှတ်(၄၄)ခြေမြန်တပ်မဌာနချုပ်မှ ယမန်နေ့၊ ညနေ (၅)နာရီဝန်းကျင်က ပစ်ခတ်လိုက်သည့် လက်နက်ကြီး(၂)လုံးမှာ အလူးအုပ်စု၊ ညောင်ထောက်ရွာ၊ ကွက်သစ်ပိုင်း၊ တံတားသစ်နေရာသို့ ကျရောက်ပေါက်ကွဲခဲ့ရာ ကျည်စများထိမှန်၍ အဆိုပါမိန်းကလေးငယ် သေဆုံးခဲ့ခြင်းဖြစ်သည်။ “လက်နက်ကြီးပထမတစ်လုံးကျတော့ အဲ့ဒီကလေးမလေးက သူ့အမေနောက်လိုက်ပြေးရင်းနဲ့ တစ်နေရာမှာ သွားဝပ်နေတာ။ အဲ့အချိန်မှာပဲ နောက်တစ်လုံးထပ်ကျတယ် ကျတဲ့အစကနေပဲ ထိတော့ အဲဒီကလေးမလေး ပွဲချင်းပြီးသေသွားတယ်” ဟု ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။ ထို့အပြင် သေဆုံးသူ မိန်းကလေးငယ်၏ […]
Coverage Details
Bias Distribution
- There is no tracked Bias information for the sources covering this story.
Factuality
To view factuality data please Upgrade to Premium





