ဖားအံ၊ ဇွဲကပင်တောင်မှာ စည်းကမ်းမဲ့အမှိုက်ပစ်ပါက ဒဏ်ငွေကောက်ပြီး အရေးယူမည်ဟု ပြည်နယ်စစ်အုပ်စု သတိပေး - ကေအိုင်စီ
1 Articles
1 Articles
ဖားအံ၊ ဇွဲကပင်တောင်မှာ စည်းကမ်းမဲ့အမှိုက်ပစ်ပါက ဒဏ်ငွေကောက်ပြီး အရေးယူမည်ဟု ပြည်နယ်စစ်အုပ်စု သတိပေး - ကေအိုင်စီ
ဇွန် (၂၅) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ ကရင်ပြည်နယ်၊ ဖားအံမြို့ရှိ ဇွဲကပင်တောင်ပတ်ဝန်းကျင်တွင် စည်းကမ်းမဲ့အမှိုက်မပစ်ရန်နှင့် တွေ့ရှိပါက ကျပ်ငွေ(၅၀,၀၀၀) ဒဏ်ငွေပေးဆောင်ရန်နှင့် ဥပဒေအရ အရေးယူခံရမည်ဖြစ်ကြောင်း ပြည်နယ်စစ်အုပ်စုက ဇွန်လ(၂၃)ရက်နေ့က စာထုတ်သတိပေးသည်။ ကရင်ပြည်နယ်၏အထိမ်းအမှတ်တစ်ခုအဖြစ်ထင်ရှားသည့် ဇွဲကပင်တောင်တွင် နှစ်စဥ်ခရီးသွားရာသီရောက်တိုင်း တောင်တက်ခရီးသွားများဖြင့်စည်ကားလျက်ရှိသော်လည်း စည်းကမ်းမဲ့အမှိုက်စွန့်ပစ်မှုများကြောင့် ပတ်ဝန်းကျင်ပျက်စီးစေ၍ မည်သည့်ခရီးသွားမဆို သတ်မှတ်နေရာတွင်သာ အမှိုက်စွန့်ပစ်ရန် ရည်ရွယ် သတိပေးခြင်းဖြစ်သည်ဟု မြို့နယ်ထွေအုပ်က ဖော်ပြသည်။ သတ်မှတ်နေရာမဟုတ်ဘဲ စည်းကမ်းမဲ့အမှိုက်စွန့်ပစ်သူသည် ဒဏ်ငွေအဖြစ် ကျပ် (၅၀,၀၀၀) ပေးဆောင်ရမည် ဖြစ်သလို ရာဇသတ်ကြီးဥပဒေပုဒ်မ ၁၈၈ ဖြင့်ပါ အရေးယူခံရမည်ဖြစ်ကြောင်း သတိပေးထားသည်။ ၎င်းအပေါ် ဖားအံမြို့ခံအသိုင်းအဝိုင်း၏ အပြုသဘောဆောင်သော ထောက်ခံပြောဆိုမှုများလည်း ရှိသည်။ “ဒဏ်ငွေရိုက်တဲ့စနစ်ကိုတော့ ထောက်ခံတယ်။ စည်းကမ်းနဲ့ထိန်းကျောင်းလိုက်တော့ အမှိုက်ပြဿနာကိုချက်ချင်း လျော့ကျစေမယ့်နည်းလမ်းလည်း ဖြစ်တယ်။ ဒါပေမဲ့ […]
Coverage Details
Bias Distribution
- There is no tracked Bias information for the sources covering this story.
Factuality
To view factuality data please Upgrade to Premium