ဖလူးတိုက်ပွဲကြောင့် ပလောတပို့ စစ်ရှောင်များ မိုးထဲလေထဲ သောင်ရင်းမြစ်နံဘေး လေကြောင်းရန်ရှောင်နေရ - ကေအိုင်စီ
1 Articles
1 Articles
ဖလူးတိုက်ပွဲကြောင့် ပလောတပို့ စစ်ရှောင်များ မိုးထဲလေထဲ သောင်ရင်းမြစ်နံဘေး လေကြောင်းရန်ရှောင်နေရ - ကေအိုင်စီ
ဇူလိုင် (၃၀) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက် ဖလူး၊ သုံးထပ်ကွေ့ လမ်းပိုင်းကို ဇူလိုင်လ ၂၅ ရက်နေ့မှစ၍ စစ်အုပ်စုက လေယာဥ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခြင်း၊ လက်နက်ကြီးများ ပစ်ခတ်ခြင်းတို့လုပ်ဆောင်နေ၍ ပလောတပို့ စစ်ဘေးရှောင်စခန်းမှ စစ်ရှောင်များမှာ မိုးထဲလေထဲ သောင်ရင်းမြစ်ကမ်းပါးသို့ဆင်းကာ ရှောင်တိမ်းနေရကြောင်း စခန်းတာဝန်ရှိသူထံမှ သိရသည်။ လေယာဥ်ဗုံးဆန်နှင့်လက်နက်ကြီးကျည်များ ကျရောက်ပေါက်ကွဲမှုသည် ပလောတပို့စခန်းနှင့်နီးကပ်လွန်းသဖြင့် စစ်ဘေးရှောင်များ နေရာပြောင်းစစ်ရှောင်နေကြရခြင်းဖြစ်ပြီး ချောင်းနံဘေး တောင်ကျရေတိုး၍ အသက်ဘေးဖြစ်နိုင်သည့် အခြေအနေအထိ ကြုံတွေ့နေရသည်ဟု စခန်းတာဝန်ခံ အမျိုးသမီးတစ်ဦးက ပြောသည်။ “ဂျက်ဖိုက်တာနဲ့ လာလာကြဲနေတော့ စခန်းထဲ မနေရဲကြတော့ဘူး၊ သောင်ရင်းချောင်းဘေး ဆင်းပြီး ရှောင်အိပ်နေရတယ်။ ညဘက်ဆို တောင်ကျရေဆင်းလို့ ချောင်းဘေး ရေတိုးလာရင် ပြေးရှောင်စရာ မရှိဘူး။ လူတစ်အုပ်ကြီးပဲ ဒုက္ခရောက်နေတာ။ […]
Coverage Details
Bias Distribution
- There is no tracked Bias information for the sources covering this story.
Factuality
To view factuality data please Upgrade to Premium